Back to Projects
Warehouse Solution

Warehouse Solution

Full Stack

ဝယ်တုန်းက အခု ၁၀၀... ဂိုဒေါင်ရောက်တော့ ၉၀ ပဲရှိတယ်... ကျန်တဲ့ ၁၀ ခုက ဘယ်ပျောက်သွားတာလဲ?" 🤔💭

Project Details

ဝယ်တုန်းက အခု ၁၀၀... ဂိုဒေါင်ရောက်တော့ ၉၀ ပဲရှိတယ်... ကျန်တဲ့ ၁၀ ခုက ဘယ်ပျောက်သွားတာလဲ?" 🤔💭
မကြာသေးခင်ကမှ ဂိုဒေါင် ၆ ခုစလုံးမှာ Stock စာရင်းတွေ မကိုက်တော့လို့ တကယ် ခေါင်းကိုက်နေရတဲ့ လုပ်ငန်းရှင်တစ်ယောက်နဲ့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။
Purchase ၊ Warehouse နဲ့ အရောင်း Sales အဖွဲ့ ၃ ခုစလုံး အလုပ်တွေတော့ ရှုပ်နေကြတာပါပဲ။
ဒါပေမဲ့ လက်တွေ့မှာ -
❌ Purchasing က ဝယ်လိုက်တဲ့ ပစ္စည်း ဂိုဒေါင်ထဲ တကယ် ရောက်/မရောက် ဘာမှ မသိကြဘူး။
❌ ဂိုဒေါင်မှာ ပစ္စည်းမရှိတော့တာကို Sales က ရှိတယ်ထင်ပြီး ထပ်ရောင်းမိတယ်။
❌ Customer က ပစ္စည်း ပြန်လဲရင် ပျောက်ပြီး စာရင်းမဝင်တော့ဘူး။
❌ ရန်ကုန်ဂိုဒေါင်ကနေ မန္တလေးကို ပစ္စည်းလွှဲလိုက်ရင် လမ်းမှာ ပျောက်သွားလည်း ဘယ်သူ့မှာ တာဝန်ရှိလဲ ခြေရာခံမရဘူး။
ဒီလို အခြေအနေမျိုးကို ရာနှုန်းပြည့် ထိန်းချုပ်နိုင်ဖို့ ကျွန်တော်တို့ အဖွဲ့က Enterprise ERP System တစ်ခု တည်ဆောက်ပေးခဲ့ပါတယ်။
ဒါဆို ကျွန်တော်တို့ ဘယ်လို စနစ်တကျ ရှင်းထုတ်ပေးခဲ့သလဲ ဆိုတာ အားလုံး နားလည်လွယ်အောင် ပြောပြပေးပါမယ်ခင်ဗျာ
၁။ 📦 ပစ္စည်းအဝင် Inbound ပြဿနာကို ဘယ်လိုရှင်းလဲ? (PO & GRN စနစ်)Purchaser က Purchase Order (PO) တင်လိုက်တာနဲ့ ဂိုဒေါင်မန်နေဂျာ Dashboard မှာ "မန္တလေးဂိုဒေါင် (၁) သို့ PO #1001 နဲ့ Item အရေအတွက် ၁၀၀ လာမည်" ဆိုပြီး Expected Incoming Stock အဖြစ် ကြိုမြင်နေရပါပြီ။ ပစ္စည်းတကယ် ရောက်လာတဲ့အခါ ဂိုဒေါင်သမားက စနစ်ထဲက PO နဲ့ တိုက်စစ်ပြီး Goods Received Note (GRN) နဲ့ လက်ခံရပါတယ်။ အကယ်၍ ၁၀၀ ဝယ်တာကို ၉၀ ပဲ ရောက်ရင် စနစ်က လက်မခံဘဲ Warning ပြပြီး Owner နဲ့ Accounting ထံ Noti ချက်ချင်း ပို့ပေးလိုက်တာပါ။
၂။ 🛍️ ပစ္စည်းအထွက် Outbound ပြဿနာကို ဘယ်လိုရှင်းလဲ? (Auto-Reserve & Barcode Scan)Sales က Order ရတာနဲ့ စနစ်ထဲ Sales Order (SO) ရိုက်ထည့်လိုက်တာနဲ့ အဲဒီ ပစ္စည်းဟာ "Auto-Reserved" ဖြစ်သွားပြီး Stock အရှင်ထဲက လျော့သွားပါတယ်။ တခြား Sales သမား ထပ်ရောင်းလို့ မရတော့ပါဘူး။ ဂိုဒေါင်သမားဆီကို Picking List စာရင်း တိုက်ရိုက်ရောက်သွားပြီး ပစ္စည်းပေါ်က Barcode ကို Scan ဖတ်မှ အထွက်ပြရတာမို့ ပစ္စည်းမှားထုတ်မိဖို့ဆိုတာ လုံးဝ မရှိတော့ပါဘူး။
၃။ 🔄 ပစ္စည်းပြန်ဝင် Stock Return ပြဿနာကို ဘယ်လိုရှင်းလဲ? (Quarantine Inspection Stock)Customer ထံက ပစ္စည်း ပြန်လဲရင် အရောင်းတန်းဝင် Stock ထဲ ချက်ချင်း ရောမထည့်ပါဘူး။ စနစ်ထဲမှာ "Quarantine / Inspection Stock" (စစ်ဆေးဆဲအဆင့်) အဖြစ် ခေတ္တခွဲထားလိုက်ပါတယ်။ Warehouse Manager က သေချာစစ်ဆေးပြီးမှ "အကောင်း" ဆိုရင် အရောင်း Stock ထဲ ပြန်ပေါင်း၊ "အပျက်" ဆိုရင် Loss/Damage စာရင်းဖွင့် ပယ်ဖျက်လိုက်တာမို့ ဂိုဒေါင်ထဲမှာ စာရင်းမရှိတဲ့ အပိုပစ္စည်းတွေ ရောထွေးရှုပ်ထွေးနေတာမျိုး မရှိတော့ပါဘူး။
၄။ 🚚 ဂိုဒေါင်အချင်းချင်း ပစ္စည်းလွှဲတဲ့ Stock Transfer ပြဿနာကို ဘယ်လိုရှင်းလဲ? (In-Transit Verification)ရန်ကုန်နဲ့ မန္တလေးကြား ပစ္စည်းလွှဲရင် မန္တလေးက ထွက်တာနဲ့ စနစ်မှာ "In-Transit" (လမ်းခရီးရောက်နေသည်) ဆိုတဲ့ Virtual ဂိုဒေါင်ထဲ ရောက်သွားပါတယ်။ ရန်ကုန်ဂိုဒေါင် ရောက်မှ မန်နေဂျာက Barcode Scan ဖတ်ပြီး Confirm လုပ်မှ ရန်ကုန် Stock ထဲ တိုးမှာပါ။ လမ်းခရီးမှာ ပျောက်ရင် မန္တလေး တာဝန်လား၊ ယာဉ်မောင်း တာဝန်လား ဆိုတာ စက္ကန့်ပိုင်းအတွင်း တိတိကျကျ ပေါ်သွားပါပြီ။ 🎯 အချုပ်အနေနဲ့ ပြန်ပြောရရင် -
• Purchase Order (PO) မရှိရင် ပစ္စည်း လက်ခံလို့မရဘူး
• Sales Order (SO) မရှိရင် ပစ္စည်း ထုတ်လို့မရဘူး
• Confirm မလုပ်ရင် Transfer စာရင်းမဝင်ဘူး ဒီလို စနစ်တကျ System Controls တွေ ထည့်သွင်းပေးခဲ့တာကြောင့် အခုဆိုရင် အဆိုပါ ဂိုဒေါင် ၆ ခုစလုံးရဲ့ Stock ပြဿနာဟာ ၁၀၀% ငြိမ်သွားခဲ့ပါပြီ။ မိမိတို့ လုပ်ငန်းရဲ့ ဂိုဒေါင်နဲ့ Inventory စာရင်းတွေ စနစ်မကျလို့ ခေါင်းကိုက်နေရတယ်ဆိုရင် Message ဘောက်ကနေ လာရောက် ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။ 📥✨ #ERP #InventoryManagement #WarehouseSolution #BusinessAutomation #SoftwareEngineering #CaseStudy #Jommy

Technologies Used

#ERP #InventoryManagement #WarehouseSolution #BusinessAutomation #SoftwareEngineering #CaseStudy #Jommy